လွိုင်ကော် ၇ ဧပြီ
လွိုင်ကော်မြို့နယ်အတွင်း ၂၀၁၉−၂၀၂၀ ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် (၁၁၀.၅၂၃) သန်း ဖြင့် ဆောင်ရွက်လျက်ရှိသော တောင်ကွဲစေတီ လမ်းဆုံ − သံလွင်ဖုန်းဆိုင်ကြားရှိ လမ်းဘေး ဝဲ /ယာ အုတ်စီ ရေမြောင်း တူးဖော်ဆောင်ရွက်ခြင်းနှင့် အဖုံးပါပလက်ဖောင်း အရှည်ပေ (၂၁၀၀ ) ကိုဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေမြောင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန လွိုင်ကော်မြို့နယ် လမ်းဦးစီးဌာ၏ ကြီးကြပ်မှုဖြင့် ကယား ငွေသဇင် ကုမ္ပဏီမှတာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထွန်းလေး (ပြန်/ဆက်)


