လွိုင်ကော် ဇွန် ၁၂

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဒေါတမရပ်ကွက်ရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝက်မွေးမြူရေး ခြံသို့ရောက်ရှိကာ အသားတိုးဝက် များ၊ မျိုးပွားဝက်မများနှင့် ဝက်သိုးများ မွေးမြူထားရှိမှု၊ ဝက်သားပေါက်များ ပြုစုထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ၊ အခက်အခဲများနှင့် တိရစ္ဆာန်ရောဂါများ ဖြစ်ပွား ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီတင်ပြအကူအညီရယူရန်နှင့် ယခုထက် ပိုမိုတိုးချဲ့မွေးမြူ နိုင်ရေး ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက်ရှိ အသားတိုး ကြက်မွေးမြူရေးခြံများ၊ လွိုင်ကော်မြို့ ပန်ကန်းကျေးရွာရှိ ဥစားကြက် မွေးမြူရေးခြံများသို့ သွားရောက်ကာ ဥစားကြက်များ မွေးမြူအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး (ဝဲပုံ) ကြက်မွေးမြူရေး ခြံများသည် ပတ်ဝန်းကျင်အခြေ အနေကောင်းများရှိသဖြင့် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အရင်းအနှီးလိုအပ် ချက်များရှိလာပါက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ထပ်မံပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်း၊ မွေးမြူ ရေးခြံများအား စံသတ်မှတ်ချက် များနှင့်အညီ စနစ်တကျ မွေးမြူ နိုင်အောင် ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ဆက်လက်၍ ရေနီကန် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စံပြဝက်မွေးမြူရေးခြံများ တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က စံပြမွေးမြူရေးခြံတွင် ထည့်သွင်းတည်ဆောက်ရမည့် စံသတ်မှတ်ချက်များ ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်သွားရန်၊ မွေးမြူရန် သတ်မှတ်ထားသည့် အကောင်ရေအပြည့် မွေးမြူရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ ပြီးစီးရေးနှင့် ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းရှင်များသို့ လက်တွေ့ သရုပ်ပြ အသိပညာပေးရေး ဆောင်ရွက်သွားရန် မှာကြားကာ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ အတွင်းရှိ ပျားဘုရင်မမွေးမြူရေး စခန်းတွင် ပျားများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်(ပြန်/ဆက်)