လွိုင်ကော်    ၂၃  ဒီဇင်ဘာ 

 

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်ဆိုင်ရာ သွယ်တန်းနည်းသင်တန်း အမှတ်စဉ် (၃/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့၊ ဆူးဖဲလော့ကျေးရွာ၌ ကျင်းပသည်။

 

2

 

အခမ်းအနားတွင် ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က ဆူးဖဲလော့ကျေးရွာဟာ လျှပ်စစ်မီးရရှိပြီး ဖြစ်တဲ့အတွက် လျှပ်စစ်ဆိုင်ရာ သွယ်တန်းနည်းသင်တန်းကို တက်ရောက် သင်ကြားခြင်းဖြင့် လျှပ်စစ်နည်းပညာကို တတ်မြောက်ပြီး မိမိတို့ရဲ့ အိမ်တွင်းအပြင်၊ ကျေးရွာအတွက်ပါ အထောက်အကူ ပြုစေမှာဖြစ်လို့ ကြိုးစားသင်ယူ ကြစေလိုကြောင်း၊ လျှပ်စစ်သွယ်တန်းနည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့အတွက် ဒီသင်တန်းကို မပျက်မကွက် ကြိုးစားသင်ယူကြရန် ပြောကြားသည်။

 

96

 

အဆိုပါ လျှပ်စစ်ဆိုင်ရာ သွယ်တန်းနည်းသင်တန်းကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့အထိ နည်းပြဆရာ နှစ်ဦးဖြင့် (၁၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဆူးဖဲလော့ ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅ ရွာမှ သင်တန်းသား (၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

 

85214

 

ကျေးလက်ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်ဖို့ အသိပညာ ဗဟုသုတ တတ်မြောက်ဖို့အတွက် သင်တန်းအမျိုးအစား (၁၀)မျိုးကို ဖွင့်လှစ်ပေး လျက်ရှိကြောင်း သိရသည်။

 

785

 

ကိုစိုင်း(လွိုင်ကော်)

 

7824