နေပြည်တော် ၁၃ ဇူလိုင်
ခိုင်မာသော သတင်းပေးချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ဇူလိုင် ၁၂ ရက် နံနက် ၄ နာရီခွဲတွင် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးရွာလမ်းခွဲ အနီး၌ နန့်စန်-မိုးနဲ-ဆီဆိုင်-လွိုင်ကော် လမ်းအတိုင်း စိုင်းအောင်ကျော်မိုး (ဖ) ဦးလွန်းအောင်၊ အနောက် ရပ်ကွက်၊ မိုင်းပန်မြို့နေသူအပါ ယာဉ်မောင်း/ယာဉ်နောက်လိုက် အမျိုးသား ၆ ဦးမောင်းနှင်/ လိုက်ပါလာသောDongfeng ထရပ်ယာဉ် ၃ စီးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ် ၃ စီး၏ ကိုယ်ထည်အံဝှက်များအတွင်း ဆာလာအိတ်များဖြင့်ထည့်လျက် ICE ၅၀ဝ၀ဝ၀ ဂရမ်၊ ကတ်တမင်း ၆၄၉၀ဝ၀ ဂရမ်၊ ကဖင်း ၁၁၅၀ဝ၀ဝ ဂရမ် (ကာလတန်ဖိုး- ကျပ်သိန်းပေါင်း တစ်သိန်းခြောက်သောင်းကျော်)အား သိမ်းဆည်းရမိခဲ့သဖြင့် လွိုင်ကော်မြို့မရဲစခန်း မူးယစ်(ပ)၃၉/၂၀၁၉၊ (ပ)၄၀/၂၀၁၉၊(ပ)၄၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၂(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်