လွိုင်ကော်   ၁၁   ဩဂုတ်

 

COVID-19 ကာလတွင် ကျေးလက်ဒေသရှိ ပြည်သူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင် ဆောင်ရွက်ပြီး လုပ်အားခထောက်ပံ့ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash for word (CFW) လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
 

ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီး ဦးဘော့စ်ကို၊ ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် တာ၀န်ရှိသူများသည် ဩဂုတ် ၁၁ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for word (CFW) လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ဒေါတခြား(ကယား)ရွာ၊ ဒေါတခြား(ပအိုဝ်း)ရွာ၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါ်ဆော်ဘီးကျေးရွာ (CFW) တို့ကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် မထောခူကျေးရွာ အုပ်စု ရေနီကန်ကျေးရွာ(CFW)၊ လောဓလေ့ကျေးရွာအုပ်စုရှိ လေးအိမ်စုကျေးရွာ (CFW) စီမံကိန်းဖြင့် ဆောင်ရွက်သော အမာခံလမ်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့အောင်နှင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားသည်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော Cash for word (CFW) ကျေးရွာ (၂၅)ရွာရှိကြောင်း သိရသည်။


#MRTV