လွိုင်ကော် ဇွန် ၂၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ ရွာသည် လွိုင်ကော်မြို့နှင့် သိပ်မဝေးလှပဲ လွိုင်ကော်နှင့် (၆)မိုင်အကွာတွင် တည်ရှိသောရွာလေး တစ်ရွာဖြစ်သော်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ပညာရေး နောက်ကျနေဆဲဖြစ်ရာ ကယန်းသာယာမြောက်ရွာတွင် စံပြလမ်း အဖြစ် ကွန်ကရစ်လမ်း အရှည်ပေပေါင်း (၁၀ဝ၀)တစ်လမ်းခင်းနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခဲ့သည်။
ထိုသို့ တင်ပြလာမှုအပေါ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့နှင့် အတူတင်ပြသည့် ကိုယ်စားလှယ်များ အား ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံ၍ အဆိုပါလမ်းခင်း ခြင်းလုပ်ငန်းအား ကော်မတီစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ငွေကျပ် (၉၉) သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


