လွိုင်ကော်  ၃၁  ဇန်နဝါရီ   

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၀၆.၀၅၉ သန်းဖြင့် ဆောင်ရွက်လျှက်ရှိသည့် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ဘီလူးချောင်းကမ်းနား လမ်းမြေထိန်းနံရံအား ပြန်လည်တည်ဆောက်ခြင်းနှင့် အရှည်ပေ (၄၅၀) အမြင့် (၁၁)ပေ နှင့် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီလမှ စတင် ဆောင်ရွက်လျှက်ရှိသည်။

 

1

 

ယခင်နှစ်တွင် မိုးများစွာ ရွာသွန်းခဲ့သည့်အတွက် လမ်းများ နိမ့်ဆင်း ပျက်စီးသွားခဲ့ပြီး ၎င်းလမ်းအား ပြန်လည်ပြုပြင် တည်ဆောက်ခြင်းကို ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းတင်ဒါ ခေါ်ယူကာ တင်ဒါအောင်မြင်ခဲ့သည့် နန်းထိုက်ပန်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ မြေထိန်းနံရံနှင့် ကမ်းနားလမ်းအား ယခုနှစ် စက်တင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

2

 

ထွန်းလေး