နေပြည်တော်၊ ဇန်နဝါရီ ၂၅
ကယားပြည်နယ် လွိုင်ကော်မြို့သို့ အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်သည့် အချိန်မှစ၍ လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော်မြို့မဈေးကြီး အပါအဝင် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို အကြမ်းဖက်အားပေးမီဒီယာ Khit Thit က လူမှု ကွန်ရက်ပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရသည်။
လွိုင်ကော်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူများနေထိုင်ရာ အဆောက်အအုံများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ဆုတ်ခွာထွက်ပြေးရာတွင်လည်း နေအိမ်များကို မီးရှို့ခဲ့ခြင်း၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်ဗုံးသီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကြောင့် နေအိမ်အဆောက် အအုံများနှင့် လွိုင်ကော်မြို့မဈေးကြီး မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပြီး ပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက် မီဒီယာများက နေ့စဉ်နှင့်အမျှ လူမှုကွန်ရက်များတွင် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


