လွိုင်ကော် ၁၇ နိုဝင်ဘာ
(၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ (UN CRC Day) အခမ်းအနားကို လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြောင်းအရာများအား အဖွင့်အမှာစကားတွင်ပြောကြားပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေး များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး က CRC Day အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ကလေးသူငယ်ကိုယ်စားလှယ် (၁) ဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလေးသူငယ်ကိုယ်စားလှယ်(၁)ဦးက ကလေးသူငယ်အခွင့်အရေးဥပဒေပါ ကလေးများ၏ လိုက်နာမည့် ကျင့်ဝတ် စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ကလေးသူငယ်ကိုယ်စားလှယ် (၁) ဦးက ကလေးများအား ကာကွယ်စောင့်ရှောက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ဆုရရှိသော ကလေးသူငယ်များအား ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


