လွိုင်ကော်   ၂ မေ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများ အတွက် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်၌ ဖွင့်လှစ်သည်။

 

ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

mdn

 

ထို့နောက် ကယားပြည်နယ် ဆရာဝန်များအသင်းမှ ဆရာဝန်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များ၊ စိတ်ပိုင်းဆိုင်ရာ သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသည်။

 

အဆိုပါ သင်တန်းကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၈၅) ဦးတက်ရောက်ကာ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)