လွိုင်ကော်          ဇွန်       ၁၅

 

အလုပ်သမားဝန်ကြီးဌာန၊ ကယားပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံးမှကြီးမှုး၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သွားသော အာမခံ အလုပ်သမားအား အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားကို ဇွန် ၁၅ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ကယားပြည်နယ် လူမှုဖူလုံရေးရုံး ပြည်နယ်တာဝန်ခံ ဦးမျိုးမြင့်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းခွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ဖြစ်သွားသော Future Energy Co, Ltd မှ အာမခံ အလုပ်သမားတစ်ဦးအား အကျိုးခံစားခွင့် ငွေကျပ် ၆,၃၅၀,၄၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုဇင်(လွိုင်ကော်)