နေပြည်တော်၊ ဩဂုတ် ၁၆  

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင်  လွိုင်ကော် - ဆီဆိုင်သွား ကားလမ်း၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာ အနီးတွင် အောင်ချစ် (ခ) ခမ်းကောင် မောင်းနှင်ပြီး မောင်မျိုးနှင့် ခွန်ဝေး တို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ၊ အမ် -၁၆ ကျည်အိမ် ၁ ခုနှင့် ၅ ဒသမ ၅၆ ကျည် ၂၄၁ တောင့်တို့ကိုလည်းကောင်း။ 

အလားတူ ဩဂုတ် ၁၄ ရက် နံနက် ၇ နာရီ တွင် ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ ဇောတိကလမ်း အနီးတွင် အောင်ကိုမင်း (ခ) ကျွဲကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား