နေပြည်တော်၊ ၂၀ ဇန်နဝါရီ
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက်က လွိုင်လင်မြို့နယ်၊ ပန်လင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၄ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၂၃ ဧကခန့်၊ ကျူပေါ်မီးကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၄၃ ဧကခန့်နှင့် လွိုင်ဆန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၂ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဝမ်ဆီမွန်းကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဒသမ ၅ ဧကခန့်နှင့် တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့နယ်၊ နမ့်ခါးကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၂၅ ဧကခန့်တို့အား အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား