နေပြည်တော်၊ ဩဂုတ် ၄

ဩဂုတ် ၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပေါင်းလိုင်းကျေးရွာအနီးတွင် ပိုင်ဇေဖြိုး မောင်းနှင်ပြီး ပြေသာတိုး လိုက်ပါလာသည့် HONDA INSIGHT အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၁ ကီလို၊ Happy Water သုည ဒသမ ၇၅ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ အမှတ်(၂) ကျေးရွာရှိ မစုဝေဝေထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၀၅ ကီလို၊ Happy Water သုည ဒသမ ၄၇၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထိုနေ့ ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းတွင် ဆမ်ဆွဲမောင်းနှင်ပြီး အီချာ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၈၇ ကီလို၊ Happy Water သုည ဒသမ ၂၂၅ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် ပြည့်ဖြိုးအောင် (ခ) ကုလား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာစိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း  ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခိုင်းသူ မအိမြတ်မြတ်ဖူးကို အဆိုပါနေရာ၌ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား