လွိုင်လင်  ၂၈ ဇူလိုင်         

 

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဓမ္မသာမိ အမှူးပြုသောဆရာတော်များက လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံးကြီးတွင် အသုံးပြုနိုင်ရန် အသက်ရှူစက် အပါအဝင် ကျန်းမာရေးသုံး ပစ္စည်းများကို ယနေ့နံနက်(၈)နာရီက ဇီဝကခန်းမတွင် လာရောက်လှူဒါန်းကြောင်း သိရပါသည်။

 

အဆိုပါ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဓမ္မသာမိ အမှူးပြုသော ဆရာတော်များ၏ ယနေ့လှူဒါန်းမှုမှာ ကျန်းသိန်း (၃၀၀) ကျော်တနိဖိုးရှိ Agva Healthcare Ventilator အသက်ရှူစက် တစ်စုံ အပါအဝင်  PPE ဝတ်စုံ  (၁၆၀) ၊ Face Shield မျက်နှာဖုံး (၂၀၀)၊ Sanitizer လက်သန့်စင်ဖျန်းဆေးရည်ဘူး (၁၂၀)  နှင့် Surgical Gown ဝတ်စုံ(၂၀)တို့အား ပေးအပ်လှူဒါန်းရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇေယျက လက်ခံရယူကြောင်း သိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)