ခိုလမ် ၁၁ မေ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့ ရပ်ကွက် (၂)တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများနှင့် အဘိတ်(Abate) ဆေးများ ခတ်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ပိုင်း (၇)နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဌာန ကုတင်( ၁၀၀ ) ပြည်သူ့ဆေရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုများ ၊ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းတို့ပူးပေါင်းပြီး ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ရေကန်များ ၊ ကျောက်စည်ပိုင်းများနှင့် ရေတိုင်ကီများထဲသို့ အဘိတ်ဆေးများ ခတ်ပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်လေးဝင်း (ပြန်/ဆက် )