လွိုင်လင် ၁၅ မတ်    

 

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း (၁၅၀)ကျော်၌ ကူးစက်ပြန့်ပွားလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် မတ် ၁၅ ရက် နံနက် ၇ နာရီတွင် ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မာရီစတုတ်မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)