နေပြည်တော် ဇူလိုင် ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၉ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အဝင် တိုးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်သို့ ဝေယံမြင့်သူ(ခ) မောင်မောင် မောင်းနှင်ပြီး အောင်မင်းသူ(ခ)အောင်ငဲလေး လိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်၊ ငြိမ်းထိုက်စံ မောင်းနှင်ပြီး သီဟကိုကို လိုက်ပါလာသော ၂၂ ဘီး တွဲယာဉ်၊ ဇင်ဝင်းထွေး မောင်းနှင်ပြီး လင်းထက်ဇော် လိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်နှင့် အေးမင်းအောင် မောင်းနှင်ပြီး အာကာဦး လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်တို့ကို သတင်းအရ ရှာဖွေရာ အဆိုပါတွဲယာဉ်လေးစီးဖြင့် တရားမဝင်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေ ကျပ် သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Hydrochloric Acid ၂၂,၀၄၀ လီတာ၊ Sulphuric Acid ၁၂,၀၀၀ လီတာနှင့် အခြားဓာတုပစ္စည်း Dichloromethane  Acid ၂၆,၇၂၀ လီတာ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ ထိန်းချုပ် ဓာတုပစ္စည်းများနှင့် ဓာတုပစ္စည်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စစ်ငြိမ်းထွန်းနှင့် ရဲလင်းထက် တို့ကို လွိုင်လင်မြို့ အထွက်တွင် TOYOTA ALPHARD ယာဉ်နှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် မင်းမင်းသက်နိုင်(ခ)ကိုမင်း၊ ရဲထွန်းသိန်း(ခ) ထွန်းထွန်းနှင့် နေမျိုးလင်း(ခ)ကိုလတ် တို့ကို နမ့်စန်မြို့၊ ရပ်ကွက်(၄)တွင် TOYOTA WISH ယာဉ်နှင့် လည်းကောင်း၊ ည ၁၀ နာရီခွဲတွင် မျိုးခင်ကို ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ နေကြာလမ်းရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်း များကို ရန်ကုန်မှ နမ့်စန်သို့ သယ်ဆောင်၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်း ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသဖြင့်  ၎င်းတို့ ၁၄ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်