လွိုင်လင် မတ် ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လွိုင်လင်မြို့နယ်၊ မိုင်းပွန်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလအတွင်း မိုင်းပွန်မြို့၊ ခေါင်းနွဲ့ကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ၁၁/၀၄ ကေဗွီ ၊ ၅၀ ကေဗွီအေ TR တစ်လုံး၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၀ ဒသမ ၇ မိုင် တည်ဆောက်ခြင်းလုပ်ငန်းကို အောင်မိုးခန့်ညား ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိပြီး ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး


