လွိုင်လင် ဒီဇင်ဘာ ၂၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းခင်းများအား ဒီဇင်ဘာ ၇ ရက်မှစတင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ PNO ပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းကာ ဖျက်ဆီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး ဦးစီးသော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ လွိုင်လင်မြို့နယ် ပင်လုံမြို့အနောက်ဘက်ခြမ်းဒေသရှိ တောင်ကုန်း/တောင်စောင်းများတွင် စိုက်ပျိုးထားသော အမြင့်(၃)ပေခန့်ရှိ သီးပွင့်ဆဲ/ခူးခြစ်ဆဲ ဘိန်းခင်း (၂၃၂)ဧကအား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အယ်မင်း(လွိုင်လင်)