လွိုင်လင်   ၁၆   ဇန်နဝါရီ 

 

လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ ရေပေးရေးလုပ်ငန်းများအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှချပြရှင်းလင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါ်နန်းမြထွေးက အမှာစကားပြောကြားပြီး မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က လုပ်ငန်းတည်ဆောက်မှုအပိုင်း အရည်အသွေးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်က ပင်လုံ(အရှေ့) အုပ်စု ဝမ်လုံ-ဟိုခိုက်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ၎င်းလမ်းပေါ်ရှိ တံတား(၅)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဝမ်အင်ကျေးရွာ၊ နမ့်နောင်၊ နားသော်နှင့် နမ့်ဆိုင်း ကျေးရွာများတွင်ဆောင်မည့် ရေပေးရေးလုပ်ငန်းကို ရှင်းလင်းပြောကြားခဲ့သည်ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းက ကုမ္ပဏီများနှင့် ကျေးရွာကော်မတီဝင်များမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ၊ ရေပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း အခမ်းအနားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)