နေပြည်တော်   ၈  ဖေဖော်ဝါရီ 


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံ တပ်မများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်က လွိုင်လင်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းဘုတ်ကျေးရွာနှင့် ဝမ်ဟင်ကျေးရွာကြားနေရာနှင့် နမ့်စန်-ခိုလမ်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၂၁၁)အနီးနေရာတို့၌ NISSAN Diesel (၁၂)ဘီးယာဉ် (၅)စီးပေါ်မှ တရားမဝင် ပိတောက်သစ်/ဓါးရွေတုံးစုစုပေါင်း (၁၁၄)လုံး (၆၁)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 


(မောင်မောင်မျိုး)

 

123