နေပြည်တော် ၁ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် လွိုင်လင်မြို့နယ်၊ ကျူနင်းကျေးရွာ၌ မောင်ပွန်း(၂၃)နှစ်ပါ(၂)ဦးသည် တောအတွင်းသို့ ငှက်ပစ်သွားစဉ် အဝိုင်း ၄ လက်မခန့်ရှိ အပြာရောင်သံကိုယ်ထည် အဝိုင်းတွင် Brand 235 စာတမ်းပါ(ယမ်း/စနက်တံမပါ) မိုင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)