လွိုင်လင် ၂၃ ဇန်နဝါရီ
လွိုင်လင်မြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ သိန်း(၁၀ဝ)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ကောင်းယောင်းကျေးရွာနှင့် ဝမ်းကုန်း(အနောက်)ကျေးရွာတို့တွင် အရှည် ပေ ၂၀၊ အကျယ် ၁၆၊ အမြင့် ၉ ပေရှိ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်းနှင့် ပန်းဟူကျေးရွာတွင် အရှည် ပေ ၆၄၀ ရှိ ရွာတွင်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် ကုန်းကျောင်းကျေးရွာ၊ လွယ်ခွင်ကျေးရွာနှင့် ရီဝင်းကျေးရွာတို့တွင် အလျား ၃၆ပေ၊ အနံ ပေ၂၀ ၊ အမြင့် ၁၂ ပေရှိ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်းများ၊ ဟွေကြိမ်ကျေးရွာနှင့် နောင်လိုင်(၂)ကျေးရွာများတွင် အလျား ပေ(၆၀)၊အနံ ပေ(၃၀)၊ အမြင့် ၁၂ ပေရှိ မူလတန်းကျောင်း ပြုပြင်တည်ဆောက်ခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်သည်။
ယင်းနောက် ရွှေပန်းကျေးရွာတွင် အရှည် ပေ ၄၂၀ဝ ၊အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ကျေးရွာအဝင် မြေသားလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီး အရှည်ပေ ၃၃၀ဝ ရှိ ကျေးရွာအဝင် မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် ဂါလန် ၃၀ဝ၀ ဆံ ရေလှောင်ကန် တည်ဆောင်ခြင်းလုပ်ငန်းများကို တောင်ကြီးပေကျေးရွာတွင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)