နေပြည်တော် ၉ ဇန်နဝါရီ
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ အမှတ်(၂)ဒုံးစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ဒုံးနည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ အမှတ်(၂)မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးလင်းထွဋ်မြင့်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇေယျာကျော်၊ အမှတ်(၂၆)လုံခြုံရေးရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ညီညီထွန်းနှင့် လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်ဟိန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လွိုင်လင်မြို့နယ်၊ ရီဝင်းကျေးရွာ အရှေ့တောင်ဘက်၌ အမြင့် (၃)ပေနှင့် (၄)ပေခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်းဧက (၅၀) အားဖျက်ဆီးခဲ့သည်။
၂၀၂၀- ၂၀၂၁ ခုနှစ် ဘိန်းစိုက်ရာ သီတွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်အလိုက် ဘိန်းစိုက်ခင်းများ ဖျက်ဆီးလျက်ရှိရာ ဇန်နဝါရီ ၈ ရက်အထိ ဘိန်းခင်းစုစုပေါင်း(၈၃၉၈ ဒသမ ၆၀)ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား