လွိုင်လင်  ၁၇  ဧပြီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူကြမည့် ပင်စင်စားများအတွက် ပင်စင်ထုတ်ယူရန် ရက်စွဲများကို ဧပြီလ ၁၆ ရက်က အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၂၀)ဖြင့်  မေတ္တာရပ်ခံ ပန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ပင်စင်စားများ အနေဖြင့် လစဉ် ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် စုပြုံ၍ ပင်စင်ထုတ်ယူနေမှုများရှိလေ့ ရှိသဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် ကြီးကြပ်ကန့်သတ်သည့် အနေဖြင့် ပင်စင်ထုတ်ယူကြမည့် သူများအား ဧပြီလ ၂၁ ရက်နေ့၌ လွိုင်လင်မြို့ အမှတ်(၁၊၂)ရပ်ကွက်များမှ ပင်စင်စားများအား လည်းကောင်း ၊ ဧပြီလ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ အမှတ်(၃၊၄)ရပ်ကွက် ၊ ဧပြီလ ၂၃ ရက်တွင် ပင်လုံမြို့ အမှတ်( ၁ ၊ ၂)ရပ်ကွက် ၊ဧပြီလ ၂၄ ရက်တွင် ပင်လုံမြို့ အမှတ်( ၃ ၊ ၄ ) ရပ်ကွက် ၊ ဧပြီလ ၂၇ ရက်နေ့တွင် မိုင်းပွန် မှ ပင်စင်စားများအားလည်းကောင်း သတ်မှတ်ပေး ထားကြောင်းသိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)