လွိုင်လင် မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ RCM Church ကျောင်းနှင့် ဟိုခိုက်ကျေးရွာတွင် ထပ်မံရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအား လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူများက စားနပ်ရိက္ခာ ဆန်နှင့် ကြက်ဉများကို မတ် ၁၅ ရက်က  သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လွိုင်လင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်‌ပေးအပ်ခြင်းဖြစ်သည်။ လွိုင်လင်မြို့ရှိ RCM Churchကျောင်းတွင် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု  (၂၃) စု၊ လူဦးရေ ( ၁၂၀  ) တို့အတွက် ဆန် (၅ ) အိတ်နှင့် ကြက်ဉအလုံး (၃၀၀ )၊ ဟိုခိုက်ကျေးရွာတွင်ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူ  အိမ်ထောင်စု(  ၁၃)စု၊ လူဦးရေ (၃၀ ) အတွက် ဆန် (၃) အိတ်နှင့် ကြက်ဉအလုံး (၂၀၀) တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်းသိရသည်။

လွိုင်လင်မိုး