လွိုင်လင်   ၁၈   ဖေဖော်ဝါရီ

             

လွိုင်လင်မြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်နှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ စားနပ်ရိက္ခာဖူလုံးစေရေးအတွက် အသက်မွေးဝမ်း ကျောင်းသင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉နာရီအချိန်က  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

           

အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူးရေးသင်တန်းကို  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသန်းလွင်တို့က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေ တောင်သူလယ်သမားများအား ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များ သင်ကြားပို့ချပေးခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်မြင့်မားရေး၊ ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သား/ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ကျေးလက်နေ တောင်သူများအား အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိလျက်ရှိရာ  တန့်အယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူ လယ်သမား (၄၀)အား စိုက်ပျိုးရေးနည်းစနစ်များ၊ မွေးမြူးရေးနည်း စနစ်များကို သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

           

အဆိုပါ စိုက်ပျိုးရေး၊မွေးမြူးရေးသင်တန်းကို  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသန်းလွင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)