လွိုင်လင် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်နယ်ဦးစီးမူး ဦးမိုးမောင်မောင်ခင် ဦးဆောင်ကာ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့ နံနက် ၉ နာရီမှစတင်ကာ နေ့ချင်းပြီးဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးရာတွင် လွိုင်လင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် မေလမှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။
အယ်မင်း(လွိုင်လင်)


