လိုင်လင်းပီ ၉ အောက်တိုဘာ
(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ (၁)၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် ကျေးလက်ကျန်မာရေးဋ္ဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ် ဆေးအဖြစ် BCG, Penta, IPV, PCV, MR, JE စသည့် ထိုးဆေးများ ထိုးပေးခြင်းနှင့် OPV ဆေးရည်များ တိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား TD ဆေးများ ထိုးနှံပေးကြောင်း သိရသည်။ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း(၁၀ဝ)ကျော် ရှိကြောင်း သိရသည်။
ယာယာကမ်(ပြန်/ဆက်)


