လိုင်လင်းပီ   ၉    ဒီဇင်ဘာ              

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျေးလက်ကျန်းမာရေး ဌာန၌ ဆောင်ရွက်ပေးခဲ့သည်။

 

2589

 

 (၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးအဖြစ်BCG၊ Penta၊ IPV၊ PCV၊ MR၊ JE စသည့် ထိုးဆေးများ ထိုးပေးခြင်းနှင့် OPV ဆေးရည်များတိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင် မိခင်များအား သွေးပေါင်ချိန် ပေး၍ TD ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

 

ယခုလ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးသူငယ် (၈၁) ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်များ (၁၈)ဦး ရှိကြောင်းသိရသည်။

 

ယာကမ်(ပြန်ဆက်)