လိုင်လင်းပီ ၁၆ ဇူလိုင်
ချင်းပြည်နယ် မင်းတပ်ခရိုင် လိုင်လင်းပီမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်၌ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပသည်။
အခမ်းအနားတွင် သာသနာပြု ကျောင်းထိုင်ဆရာတော် အရှင်ပညာသုခထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဧည့်ပရိသတ်များက သာသနာပြု ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။
အခမ်းအနားသို့ လိုင်လင်းပီမြို့ ဌာနဆိုင်ရာဗုဒ္ဓဘာသာဝင်ဝန်ထမ်းများ၊ ခလရ(၈၉)တပ်ဖွဲ့ဝင်များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြကြောင်း လိုင်လင်းပီ ပြန်ဆက်မှ သိရသည်။
MDN


