လိုင်လင်းပီ ၁ အောက်တိုဘာ            

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့တွင်းသွားလာသည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များ အခမဲ့အလွယ်တကူ ယူဆောင်တပ်ဆင်နိုင်ရန်အတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ မြို့တွင်းလမ်းဆုံ နေရာများ၌ နှာခေါင်းစည်း(Mask)များကို ပလတ်စတစ်ဖြင့် စနစ်တကျ ထုတ်ပိုးကာချိတ်ဆွဲပေးလျက်ရှိသည်။

 

လိုင်လင်းပီမြို့တွင် နှာခေါင်းစည်းများ တပ်ဆင်မှုမရှိဘဲ သွားလာမှု မရှိစေရန်အတွက် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အလှူရှင်များမှ  မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းစစ်ဆေးရေးဂိတ်များသို့ နှာခေါင်းစည်း (Mask)များကို အလျဉ်းသင့်သလို လှူဒါန်းလျက်ရှိကြောင်းနှင့် အဆိုပါ နှာခေါင်းစည်း (Mask)များကိုလည်း ဆက်လက်မှာထားလျက်ရှိကြောင်း လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

ယာကမ်(ပြန်/ဆက်)