ရန်ကုန်၊ ၂၉ ဒီဇင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် (၅)ရပ်ကွက်၊ အေးရိပ်မွန် (၅)လမ်း၌ ယခင်က ကြာသာပတေးနေ့များတွင် ဖွင့်လှစ်ရောင်းချခဲ့သော အော်ဂဲနစ်စျေးတန်းအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု များပြားနေချိန်များတွင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ဒီဇင်ဘာ ၂၇ ရက်က စတင်၍ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါအော်ဂဲနစ်စျေးတန်းသည် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း နံနက် ၆ နာရီခွဲမှ ၁၁ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျန်းမာရေးနှင့်အညီ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
စျေးဆိုင်များ၌ အော်ဂဲနစ်၊ ဓါတုလွတ်၊ သဘာဝ၊ GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ ငှက်ပျောသီး၊ ကျွဲကောသီး၊ သင်္ဘောသီး စသော လတ်ဆတ်သည့် အသီးအနှံများ၊ သဘာဝစားသောက်ကုန်စ္စည်းများ၊ သဘာဝလူသုံးကုန်ပစ္စည်းများကို ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပြီး ကျန်းမာရေးနှင့်အညီ အာဟာရပြည့်ဝစွာ စားသုံးနိုင်ကြရန် ပြန်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း စျေးရောင်းချသူများထံမှ ကြားသိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)


