ရန်ကုန် ၂၃ အောက်တိုဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား သတ်မှတ် စည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်မှု ရှိ၊ မရှိကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက စတင်၍ လှိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ လှိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။
သန္တာမေ (ပြန်/ဆက်)


