ရန်ကုန် ၆ ဇွန်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ရှင်းလင်းခြင်းလုပ်ငန်းကို ဇွန် ၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
လှိုင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း ဦးဆောင်သော အဖွဲ့သည် လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် သမိုင်းချောင်းနှင့် ရပ်ကွက်အတွင်းမှ ထွက်ရှိလာသည့် မြောင်းချေး၊ အမှိုက်နှင့် နုန်းများ ရေမြောင်းအတွင်းမှ ကြွပ်ကြွပ်အိတ်များ၊ ဖော့ဘူးများ၊ နှာခေါင်းစည်းများ၊ သစ်ကိုင်းများအား ဆယ်ယူရှင်းလင်းခြင်း၊ ပါရမီလမ်း ပလက်ဖောင်းမြက်များ ရှင်းလင်းခြင်းနှင့် လမ်းပေါ်ရှိ သဲခဲ အမှိူက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်၊၊
ထို့ပြင် အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊ အမှိုက်များပိတ်ဆို့ပြီး ရေမြောင်းများပိတ်ဆို့ပါက မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်နိုင်ကြောင်း၊ အနံ့အသက်မကောင်းဘဲ ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် မိုးတွင်းကာလတွင် ခြင်များပေါက်ဖွားပြီး ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြရန်လိုအပ်ကြောင်း ရပ်ကွက်နေပြည်သူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်၊၊
သန္တာမေ(ပြန်/ဆက်)


