ရန်ကုန် ၁၂ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အမှတ်(၁၄) ရပ်ကွက်ပြည်သူ များအတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ်ဝယ်ယူရန်အတွက် မတည်အလှူငွေ ကျပ်သိန်း ၃၀ ကို ယမန်နေ့ ညနေပိုင်းက သမြားနီဆေးတိုက် ဦးသံနိုင် မိသားစုမှ လာရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့ လှူဒါန်းရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ သမြားနီဆေးတိုက် ဦးသံနိုင် မိသားစုမှ  မိမိတို့ရပ်ကွက်အတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ်ဝယ်ယူရန်အတွက် မတည်အလှူငွေ ကျပ်သိန်း(၃၀)ကို လာရောက်လှူဒါန်းခဲ့ပြီး အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ကာ  အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ကိုဗစ်−၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက် လျက်ရှိသော ကရုဏာလူမှုပရဟိတအသင်းသို့  ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။

 

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အခြေခံလူတန်းစာများ အများဆုံးနေထိုင်သည့် အားလျော်စွာ အမှတ်(၁၄) ရပ်ကွက်သည် ကိုဗစ်−၁၉ ရောဂါ Positive လူနာများတွေ့သည့် ရပ်ကွက်တစ်ခုဖြစ်သောကြောင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုပရဟိတအဖွဲ့များ ပြည်သူများပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁၄) ရပ်ကွက်အတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ်ဝယ်ယူရန် မတည်ငွေလာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)