ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားတစ်ဦးအား လုပ်ငန်းခွင်အတွင်း၌ ထိခိုက်ခဲ့သော အမြဲတမ်းမသန်စွမ်း အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို မတ် ၁၃ ရက် နံနက် ၁၀ နာရီက အဆိုပါလူမှုဖူလုံရေးရုံး၌ ခွင့်ပြုထုတ်ပေးသည်။
ရွှေလင်ပန်း စက်မှုဇုန်ရှိ အောင်ငွေအိုးပလတ်စတစ်စက်ရုံမှ အာမခံအလုပ်သမား ဦးကျော်ဝဏ္ဏအောင်၏ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဘယ်ဘက်လက်ဖြတ်တောက်ခဲ့ရခြင်းအတွက် အမြဲတမ်း မသန်စွမ်းမှု ငွေလုံးငွေရင်း ၅၁၂၂၆၅၆/-ကျပ်အား ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ကာယကံရှင်အား စက်ရုံမှတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


