ရန်ကုန် ၁ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)၊ ဆိပ်ကမ်းသာလမ်းတွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ် လျက်ရှိကြောင်း၊ ၂ နာရီ ၅ မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း၊ ၂ နာရီ ၂၃ မိနစ်တွင် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။
MDN


