လှိုင်သာယာ(အနောက်ပိုင်း) ၊၂၁ ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မိုးရာသီတွင် ရေမြောင်းများ ပိတ်ဆို့မှု၊ လမ်းများပေါ်တွင် ရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဒီဇင်ဘာ ၂၀ ရက်က မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့များ ပူးပေါင်း၍ အမှတ်(၂၀) ရပ်ကွက်တွင် ရှင်းလင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်နှင့် တာဝန်ရှိသူများ၊ အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်အတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာပိတ်ဆို့နေသော အမှိုက်များနှင့် စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်များ ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ကြသည်။

 

မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သန့်ရှင်းသာယာ လှပစေရေးအတွက် နေ့စဉ် ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်ရှေ့အရောက် အမှိုက်များ လိုက်လံ သိမ်းဆည်းပေးလျက်ရှိသည်။

 

အလားတူ မိုးရာသီတွင် ရေမြောင်းများပိတ်ဆို့မှု၊ လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ် စေရေးအတွက် ရေမြောင်းများ တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၀ ရက်က အမှတ်(၁၄)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

 

မြသန္တာဝင်း(ပြန်/ဆက်)