လှိုင်သာယာ(အနောက်ပိုင်း)    ၁၇   နိုဝင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြိုနယ် အနော်ရထာလမ်း  ၊အမှတ်(၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နား၌ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအား Mobile Market ဈေးကားဖြင့် ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ဈေးနှုန်း ချိုသာ စွာဖြင့်  ယနေ့နံနက် (၇)နာရီမှ (၁၁)နာရီအထိ လာရောက်ရောင်းချ ပေးလျက်ရှိသည်။

 

ထိုသို့ Mobile Market ဈေးကားဖြင့် လာရောက်ရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းချုပ်တို့ ပူးပေါင်း၍ သန့်ရှင်းလတ်ဆတ်၍ ဓာတုကင်းစင်သော ဟင်းသီး ဟင်းရွက်နှင့် သားငါးများလာရောက် ရောင်းချပေးသည်။

 

အဆိုပါ ရောင်းချရာတွင် ကြက်ဥ (၁၀)လုံး ၁၀ဝ၀ကျပ် ၊ကြက်သား(၁)ပိဿာ (၄၀ဝ၀)ကျပ်၊ ဝက်သား (၁)ပိဿာ ၉၀ဝ၀ ကျပ်နှင့် ၁၀ဝ၀ဝကျပ်၊ အမဲသား(၁)ပိဿာ ၁၃၀ဝ၀ကျပ် ဆိတ်သား (၁)ပိဿာ ၂၀ဝ၀ဝ ကျပ်၊ ငါး(၁)ပိဿာ ၄၀ဝ၀ ကျပ်၊ ၅၀ဝ၀ကျပ်၊ ၆၀ဝ၀ကျပ် ဟင်းရွက်ဆီ (၁)ပိဿာ ၂၂၀ဝ ကျပ်နှုန်း ဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား လာရောက် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)