ရန်ကုန် ၁ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ အမှတ်(၂၀)ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ Sunday Coffee နှင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ် (၂၀) ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၄၃)စု တို့အား ပေးအပ်လှူဒါန်းသည်။
ထိုသို လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)သား(၁)ဘူး၊ ကြက်ဥ(၁၀)လုံး၊ Sunday Coffee (၉)ထုပ်စီနှင့် နှာခေါင်းစည်း Mask များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)