နေပြည်တော် ၁၃ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်နေ ဦးကျော်ဆွေ (ခ) ဦးဖုန်း (၇၀)နှစ်၏ နေအိမ်၌ မီးလောင်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မိနစ် ၃၀ အကြာတွင် မီးငြိမ်းသွားပြီး နေအိမ် ၂ လုံး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးကျော်ဆွေ (ခ) ဦးဖုန်း၏ဇနီး ဒေါ်ညွန့်ညွန့်ရီ (၅၅)နှစ်နှင့် သမီးဖြစ်သူ မရှင်းသန့် (၁၆)နှစ် နှစ်ဦးတွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးကျော်ဆွေတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ၎င်းအား လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MDN
ဓာတ်ပုံ- ရဲပြန်ကြား