ရန်ကုန်  ၈   နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မသန်းစွမ်းသူ မဲဆန္ဒရှင်ပြည်သူများမှလည်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိသည်။

 

ထိုသို့ဆန္ဒမဲပေးရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာများတွင် မဲရုံ(၂၈၇)ရုံတွင် မသန်စွမ်းသူများက မိမိတို့သက်ဆိုင်ရာ မဲရုံများတွင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိပြီး  မဲရုံမှ တာဝန်ရှိသူများမှလည်း နှာခေါင်းစည်း Mask များလဲလှယ်ပေးခြင်၊ Face Shield များတပ်ဆင်ပေးခြင်း၊ လက်များကို ရေမအလို လက်သန့်ဆေးရည်များဖြင့် ဆေးကြောပေးခြင်းများ ဆောင်ရွက်ပေးပြီး  မသန်းစွမ်းသူများ ရပ်တန့်စောင့်ဆိုင်းခြင်းမပြုစေဘဲ ချက်ခြင်း  ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)