လှိုင်သာယာ ၊ ၈  ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရ ဆေးခန်းတွင် ဖွင့်လှစ်ထားသည့် လှိုင်သာယာဖျားနာကု(အခမဲ့)ဆေးခန်းသို့ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက Oximeter ငါးခုနှင့် Lunch Box ၂၅ လုံး လာရောက်လှူဒါန်းသည်။

 

အဆိုပါ လှူဒါန်းရာတွင် ကိုမင်းပိုင်နွန်-မခွာညိုမိသားစု နဝဒေးအိမ်ရာမှ Oximeter ငါးခုနှင့် ကိုလွင်လွင်ထွန်း -မနှင်းသဇင်ဝင်း Cho Family မိသားစု ရွှေကမ်းသာယာအိမ်ရာမှ Lunch Box ၂၅ လုံးတို့ကို လှိုင်သာယာမြို့နယ် ဖျားနာကုဆေးခန်းသို့ လာရောက်လှူဒါန်းခဲ့ပြီး တာဝန်ကျ ဆရာဝန်များက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

လှိုင်သာယာ ဖျားနာကု(အခမဲ့)ဆေးခန်းသည် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများနှင့် ရပ်ကွက်/ကျေးရွာ အတွင်းရှိ မိဘပြည်သူများ နှာချေချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံအရသာ ပျောက်ဆုံးသူများအနေဖြင့် အချိန်တိုအတွင်း ဆေးကုသမူခံယူနိုင်ရန်နှင့် ကိုဗစ်−၁၉ ရောဂါ သံသယရှိသည့်လူနာများကိုလည်း ကျန်းမာရေး စောင့်ရှောက်မူ ခံယူနိုင်ရန်အတွက် မြို့နယ် ဆေးရုံကြီးသို့ ချိတ်ဆက်၍ လွှဲပြောင်းပေးလျက်ရှိရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)