ရန်ကုန် ဖေဖော်ဝါရီ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၂)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည်။

 

အဆိုပါ ဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါက်တာခင်ခင်ကြီးက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ဇီဝလုံခြုံမှုနှင့် လုပ်ဆောင်ရမည့်အချက်အလက်များ၊ မွေးမြူရေးဇုန်အတွင်း လိုက်နာရမည့်ဇီဝလုံခြုံမှုဆိုင်ရာ အခြေခံစည်းမျဉ်းများအကြောင်း၊ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်နိုင်သည့် ရေရှည်အောင်မြင်ဖြစ်ထွန်းသော မွေးမြူရေးခြံတစ်ခြံဖြစ်စေရန် ဇီဝလုံခြုံရေးအစီအမံများသည် အရေးကြီးသော အလေ့အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)