ရန်ကုန်  ၂  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့်  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ အလယ်ကျေးရွာ၊ အတွင်းပဒံကျေးရွာ၊ အပြင်ပဒံကျေးရွာများရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆားနှင့် Mask များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။

 

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်  အလယ်ကျေးရွာတွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၂၀)၊ အလယ်ရွာလေး(မြေတိုင်း−၂၂) တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၁)စု၊ အပြင်ပဒံကျေးရွာတွင်  Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၄)စု ၊ အပြင်ပဒံ ကျေးရွာတွင်  Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၁၁)စု  စုစုပေါင်း Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၃၆)စု တို့ကို ပေးအပ်လှူဒါန်းသည်။

 

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)သား (၁)ဘူး၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား(၁)ထုပ်နှင့် နှာခေါင်းစည်း Mask များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)