လှိုင်သာယာ(အနောက်ပိုင်း)၊ ၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယမန်နေ့ည ၁၀ နာရီ ခန့်က ကုလားကြီးကျေးရွာအုပ်စု ဒဂုံဧရာအဝေးပြေးယာဉ် ရပ်နားစခန်းအရှေ့ ရန်ကုန်−ပုသိမ် လမ်းမကြီးတွင် နယ်မြေလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဝင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၆၈)မှ ဒုတပ်ကြပ်စည်သူအောင်၊ ကုလားကြီးစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် အဖွဲ့ဝင်(၅)ဦး စုစုပေါင်းအင်အား ၁၅ ဦးဖြင့် နယ်မြေလုံခြုံရေးအတွက် ရန်ကုန်− ပုသိမ် လမ်းမပေါ်တွင် သွားလာလျက်ရှိသော မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား တုတ်၊ ဓား၊ လက်နက်များ၊ မူးယစ်ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)


