ရန်ကုန်၊ ၁၀ ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေးဝန်ထမ်း ၉၅ ဦးအား အခြေခံစားသောက်ကုန်များကို ဒီဇင်ဘာ ရက် မွန်းလွဲပိုင်းက ဦးဇော်ဝင်းမိသားစုက လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးလျှင် ဆန် တစ်ပြည်၊ ဆီ ၅၀ သား၊ ဆား တစ်ထုပ်၊ ခေါက်ဆွဲကြော် တစ်ဘူးတို့အား လှူဒါန်းခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း သန့်ရှင်းလှပရေးအတွက် နေ့စဉ် ရပ်ကွက်အလိုက် အမှိုက်များ လိုက်လံသိမ်းဆည်းခြင်း၊ လမ်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)