လှိုင်သာယာ သြဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာရှိ ရွှေဘိုလမ်း၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း၊ သခင်ဖိုးလှကြီး(၂)လမ်းတို့တွင် မိုးတွင်းကာလ သွားလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိရာ မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ် ရပ်/ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ထိုသို့ လမ်းများအဆင့်မြှင့် ဆောင်ရွက်ရန် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာရှိ ရွှေဘိုလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ရန် မြေသားပြုပြင်ဆောင်ရွက်နေမှု၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုနှင့် သခင်ဖိုးလှကြီး(၂)လမ်း ကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)